09 406 868 689, 09 445 550 606

[email protected]

R(602),Fifth Floor , Building 19

MICT Park, Yangon

9:00 AM - 5:00 PM

Monday to Saturday

CCTV တပ်ဆင်ရာမှာ ဗီဒီယိုမှတ်တမ်း‌တွေကို ဘယ်လောက်ကြာကြာ သိမ်းထားသင့်လဲ။
May 14, 2020

CCTV တပ်ဆင်ရာမှာ ဗီဒီယိုမှတ်တမ်း‌တွေကို ဘယ်လောက်ကြာကြာ သိမ်းထားသင့်လဲ။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ပြဿနာတစ်ခု ဖြစ်ပွားချိန်ကို မသိလိုက်မိသည်ဖြစ်စေ ၊ မမြင်လိုက်မိသည် ဖြစ်စေ CCTV ကနေ သိမ်းဆည်းထားတဲ့ မှတ်တမ်းတွေကို ပြန်လည်ကြည့်ရှု့ခြင်းဖြင့် ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ ရုံး၊ စက်ရုံ၊ ဆိုင်ခန်း၊ စားသောက်ဆိုင်တေွအပြင် အိမ်တေွမှာ တံခါးအဝင်အထွက်နေရာတေွမှာ တပ်ဆင်အသုံးပြုလာကြပါတယ်။ CCTV က ဗီဒီယိုမှတ်တမ်းတေွ ဘယ်လောက်ကြာကြာ သိမ်းထားနိုင်လဲဆိုတာကတော့ လူကြီးမင်းတို့ တပ်ဆင်ထားတဲ့ ကင်မရာအရေအတွက် ပေါ်မူတည်ပြီး မှတ်တမ်း သိမ်းဆည်းဖို့ အတွက် Storage အနည်းအများလည်း ကွာခြား ပြောင်းလဲသွားနိုင်ပါတယ်။

အလုပ်မအားလပ်တာကြောင့်ဖြစ်စေ၊ ခရီး ထွက်နေရခြင်းကြောင့် ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းတွေကို မကြည့်ရှု့လိုက်ရခြင်းမဖြစ်လေအောင် မှတ်တမ်းတွေကို အနည်းဆုံးတစ်လ သို့မဟုတ် နှစ်လလောက် မှတ်တမ်းတင် သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။

ဒါမှလည်း မှတ်တမ်းတွေကို အေးဆေးစွာ ပြန်လည် ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ တစ်လစာအတွက် မှတ်တမ်းတွေ သိမ်းဆည်းထားဖို့ဆိုရင် တပ်ဆင်ထားသော ကင်မရာ အနည်းအများပေါ် မူတည်ပြီး 1 TB ဒါမှမဟုတ် 2 TB လောက် တပ်ဆင် အသုံးပြုထားသင့်ပါတယ်။

တပ်ဆင်ထားတဲ့ ကင်မရာ အရေအတွက် အရမ်းများလာခဲ့ရင် 1 TB, 2 TB ထက် Storage ပိုများသော HDD( Hard Disk) တွေကို တပ်ဆင် အသုံးပြုသင့်ပါတယ်။

Share: