09 406 868 689, 09 445 550 606

[email protected]

R(602),Fifth Floor , Building 19

MICT Park, Yangon

9:00 AM - 5:00 PM

Monday to Saturday

CCTV တပ်ဆင်ရာတွင် လိုက်နာရမည့် စည်းမျဉ်းနှင့် ကျင့်ဝတ်များ
June 1, 2020

CCTV တပ်ဆင်ရာတွင် လိုက်နာရမည့် စည်းမျဉ်းနှင့် ကျင့်ဝတ်များ

CCTV တပ်ဆင်ရာတွင် လိုက်နာရမည့် စည်းမျဉ်းနှင့် ကျင့်ဝတ်များ ယနေ့ခေတ်တွင် တိုးတက် ပြောင်းလဲလာသော ခေတ်နှင့်အညီ လုံခြုံရေးအရ CCTV တွေကို နေရာအများအပြားတပ်ဆင်လာကြပါတယ်။

နိုင်ငံသားတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်မှု ၊ လုံခြုံမှု၊ ဂုဏ်သိက္ခာထိခိုက်နိုင်တဲ့ အကြောင်းအရာတွေကို နောက်ယောင်ခံလိုက်တာ၊ စောင့်ကြည့်တာ၊ စုံစမ်းတာတွေကို တရားရုံးရဲ့ခွင့်ပြုချက် ၊ နိုင်ငံတော်သမ္မတ၊ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်အရ မပြုလုပ်ရဘူး လို့တားမြစ်ထားပါတယ်။

CCTV တပ်ဆင်ထားမည်ဆိုရင် တပ်ဆင်ထားကြောင်း သတိပေးစာ များကပ်ထားသင့်ပါတယ်။ အိမ်နီးချင်းရဲ့ ခွင့်ပြုချက်မရပဲ မိမိအိမ်၊ ဆိုင်မှအပ တခြားဘက်သို တပ်ဆင်အသုံးပြုထားတာမျိုးလည်း ပြုလုပ်လို့ မရပါဘူး။

မှတ်တမ်းများကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မပါပဲ တစ်ခြားသူကို ပေးကြည့်တာတွေ ၊ Social media ပေါ်တင်တာတွေက စည်းမျဉ်းကျင့်ဝတ်နဲ့ မကိုက်ညီသောကြောင့် မလုပ်ဆောင်သင့်ပါ။

Camera မှာ အသံ Record လုပ်တာမျိုးတေွက လူတစ်ယောက်ချင်းစီရဲ့ Privacy နဲ့ ဆိုင်တဲ့အတွက် မဖြစ်မနေ အသံ Record တပ်ထားရမှာဆိုရင် နံရံမှာ CCTV တပ်ဆင်ထားကြောင်း အသံ Record ပါကြောင်း သတိပေးစာမျိုး ကပ်ထားသင့်ပါတယ်။

Share: