09 452 223 332, 09 445 550 606

contact@smartechmm.com

No.A8 -101

Mindama Rd, Yangon

9:00 AM - 5:00 PM

Monday to Saturday

Digital Door Lock System ၏ အားသာချက်နှင့် အားနည်းချက်များ
September 3, 2020

Digital Door Lock System ၏ အားသာချက်နှင့် အားနည်းချက်များ

Smart Home Device လို့ပြောလိုက်တာနဲ့ အများစုက Digital Door Lock ကို အရင်ပြေးမြင်ကြတတ်ကြပါတယ်။ ခေတ်ကာလတိုးတက်ပြောင်းလဲလာပြီး နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူနေအိမ်၊ အဆောက်အဦးတွေရဲ့ လုံခြုံမှုတွေနဲ့ ပတ်သတ်ပီး ပိုမိုဂရုစိုက်လာကြတာကြောင့် လူအများစုတွေဟာ မိမိတို့အိမ်ရာ၊ အဆောက်အဦးတွေမှာ Digital Door Lock တွေတပ်လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Digital Door Lock ရဲ့ စွမ်းဆောင်ရည်တွေက ရိုးရိုးသော့တွေထက် ပိုမိုလုံခြုံစိတ်ချရပြီး အသုံးပြုရလည်းလွယ်ကူပြီးတော့ နေ့စဉ်လုပ်ဆောင်မှုတွေအတွက် အဆင်ပြေမှုတွေ အများကြီးပေးတယ်။ Digital Door Lock လို့ပြောတာနဲ့ လူတွေအများစုက CardSystem ( IC card ) နဲ့ ဖွင့်တဲ့ဟာကိုအရင်မြင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုမြန်မာနိုင်ငံမှာရှိတဲ့ Hotels တွေ၊ Office Towers တွေမှာ Card System ကိုပဲသုံးနေကြသေးလို့ပါ။ Digital Door Lock ကကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ရှားမှုနဲ့ ပတ်သက်ပီး အဆင်ပြေမှုတွေအများကြီးပေးနိုင်ပါတယ် သော့သိမ်းရမှာ( သို့မဟုတ်) သော့ပျောက်မှာတွေ ကြောက်ဖို့မလိုတော့ပဲ PIN Password၊ Finger Print၊ တို့နဲ့သာမက အသံနဲ့ပဲဖြစ်ဖြစ် ( Voice Unlock System)၊ မျက်နာနဲ့ပဲဖြစ်ဖြစ် ( Face Unlock System) တို့နဲ့ လွယ်ကူ လျှင်မြန်ဆန်စွာ ဖွင့်လို့ရပါတယ်။ ပုံမှန်သော့ခတ်ပြီး သော့သိမ်းထားရတဲ့ စနစ်ကနေ Digital Door Lock System ကိုပြောင်းလဲလိုက်ပီးတော့ မတူညီတဲ့ ခံစားမှုအသစ်များကိုပေးစွမ်းနိုင်ပါတယ်။ Digital Door Lock ကနေ ရရှိနိုင်မယ့် မတူညီတဲ့ ခံစားမှုအသစ်အဆန်းတွေက ဘာတွေလဲဆိုတာကိုကြည့်လိုက်ကြရအောင်……..

 

NORMAL FUNCTION

ပုံမှန်တွေ့နေကျ DIGITIAL DOOR LOCK ပုံစံမျိုး ဖြစ်တဲ့ Card system, Pin number နဲ့ fingerprint system တွေကိုအသုံးပြုပြီးတော့ တံခါးအဖွင့်အပိတ်တွေ လုပ်လို့ရပါတယ်။ BATTERY လဲဖို့ကိုလည်း ALARM မြည်ပြီးတော့ အသိပေးလေ့ရှိပါတယ်။ Battery တစ်ခုဟာ ၆လ အနည်းဆုံး အားခံတဲ့အတွက် ၆လတစ်ခါတော့ BATTERY လဲပေးဖို့လိုအပ်ပါတယ်။ BATTERY အားသွင်းဖို့အတွက်လည်း USG Charger အပေါက်လည်းပါပါတယ်။

 

REMOTE CONTROL ACCESS

Remote control system မှာတော့ ဖုန်း application ကနေတစ်ဆင့်ဖွင့်နိုင်ရုံသာမက We Chat application နဲ့လည်းအဖွင့်အပိတ်လုပ်နိုင်ပါသေးတယ်။ တံခါးအဝင်အထွက်လူစာရင်း အသေးစိတ်ကိုလည်း wwe chat ကနေတဆင့်ပို့ပေးမှာဖြစ်ပြီးတော့ alarm မြည်လာခဲ့ရင်လည်း ဖုန်း message ကနေတဆင့်အကြောင်းကြားပေးမှာဖြစ်ပါတယ်။

 

SPECIAL FINGERPRINT SYSTEM

Special fingerprint system မှာတော့ fingerprint အရေအတွက်တွေ အများကြီးထည့်သွင်းအသုံးပြုနိုင်ပါတယ်။ လူတစ်ယောက်ချင်းစီအတွက် Fingerprint effects တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ် ဥပမာအနေနဲ့ emergency function ပါဝင်တဲ့အတွက်ကြောင့် အန္တရာယ်နဲ့ တွေ့ကြုံလာတဲ့အခါ လက်ဗွေနှိပ်ရုံနဲ့ အရေးပေါ် တွေကိုဌာနတွေ ရဲစခန်းတွေကိုပါ အလိုလျောက် ချိတ်ဆက်ပေးနိုင်ပါတယ်။

 

SMALL BUTTON FUNCTION

Small button function မှာတော့ အိမ်ရှင်မတွေအတွက် အဆင်ပြေဆုံး function ပဲဖြစ်ပါတယ်။ အဖြစ်အများဆုံး အခြေအနေတစ်ခုဖြစ်တဲ့ ဟင်းချက်နေတဲ့အချိန်မျာ ဧည့်သည်လာခဲ့မယ်ဆိုရင် Guest လာတဲ့အချိန် တံခါးဖွင့်ဖို့မအားရင် ခလုပ်လေးနှိပ်လိုက်တာနဲ့ auto ဖွင့်လို့ရပါတယ်။

 

TRMPORARY USER SETTINGS

မိသားစုလိုက်ခရီးသွားတော့မယ်ဆို အိမ်ကိုစိတ်မချလို့၊ ရေတွေ မီးတွေ၊ ပတ်ဝန်းကျင်ကိုစိတ်မချရတာတွေအတွက်ကြောင့် အများစုက အိမ်သော့ကို အသိ သို့မဟုတ် အိမ်နီးချင်းတွေကိုပေးထားခဲ့တတ်ကြပါတယ်။  အိမ်မှာ party လုပ်တာပဲဖြစ်ဖြစ် မိသားစု စားပွဲလုပ်တာပဲဖြစ်ဖြစ် ဧည့်သည်တွေအများကြီးလာတဲ့အခါ အဖွင့်အပိတ်လုပ်ပေးရတာက အရမ်းကိုအလုပ်ရှုပ်စေပါတယ်။ အိမ်တံခါး ဖွင့်ထားရင်လည်း မလုံခြုံတဲ့အပြင် အိမ်ဘေးပတ်ဝန်းကျင်တွေလည်းအနှောင့်အယှက်ဖြစ်စေပါတယ်။

အဲ့လို ပြဿနာတွေကိုဖြေရှင်းဖို့အတွက် Digital Door Lock မှာ temporary user function ရှိပါတယ်။ Temporary User Function က ကန်သတ်တဲ့အချိန်အတွက် Temporary Password လုပ်ပေးထားလို့ရပါတယ် အိမ်ကိုလာတဲ့ ဧည့်သည်ကိုပဲဖြစ်ဖြစ်၊ အိမ်ကို ယာယီငှားမှာပဲဖြစ််ဖြစ်၊ ကန်သတ်ထားတဲ့အချိန်ကုန်သွားရင် Temporary password နဲ့ဖွင့်လို့မရတော့ပါဘူး။ Password history မှာ Temporary password ကိုဖြတ်လိုက်ပေးရင်ရပါတယ်။

 

LINKAGE FUNCTION

Smart locks တွေကို smart houses တွေမှာသာမက smart products တွေမှာပါ အသုံးပြုလို့ရပါတယ်။ ဥပမာအားဖြင့် နေ့ဘက်မှာ fingerprint အသုံးပြုမယ်ဆိုရင် လိုက်ကာတွေကို အလိုအလျောက်ဖွင့်ပေးမှာဖြစ်ပြီးတော့ ညဘက်မှာဆိုရင်တော့ ခလုတ်ဖွင့်စရာမလိုပဲနဲ့ လျှပ်စစ်မီးတွေကို အလိုအလျောက်ဖွင့်ပေးမှာဖြစ်ပါတယ်။

 

PREVENT VIOLENT UNLOCKING

Smart fingerprint lock တွေက လက်ဗွေရာ ထည့်ထားတဲ့ မိသားစုဝင် တွေမှသာလျှင် လွယ်ကူစွာ တံခါးအဖွင့်အပိတ် လုပ်နိုင်မှာဖြစ်ပြီးတော့ အပြင်လူတစ်ယောက်က fingerprint သုံးပြီး တံခါးဖွင့်ဖို့ကြိုးစားခဲ့မယ် password အမှားတွေ အထပ်ထပ်အခါခါ နှိပ်ခဲ့မယ်ဆိုရင် alarm သံတွေ အဆက်မပြတ်မြည်လာစေတဲ့ပုံစံနဲ့ အိမ်ပိုင်ရှင်ကို အသိပေးမှာဖြစ်ပါတယ်။

 

DISADVANTAGE

အခုခေတ် mobile devices တွေမှာလည်း fingerprint system ကို အသုံးပြုနေကြပြီးဖြစ်ပါတယ်။ Fingerprint system ကို biometric identification method နဲ့ အသုံးပြုထားပြီတော့ လက်ရှိမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီးဖြစ်ပါတယ်။ Fingerprint system ရဲ့ password တွေကို အချို့သော crack tool တွေကနေတဆင့်ရယူနိုင်နေသေးတာကတော့ အားနည်းချက်ကြီးတစ်ခု ဖြစ်နေပါသေးတယ်။ ဒါ့အပြင် fingerprint recognization တွေရဲ့ လက်ဗွေပုံစံကို မှတ်မိနိုင်စွမ်းက အရမ်းအမြင့်ကြီးမဟုတ်တဲ့အတွက် လက်ဗွေရာပေါ်မှာ အမာရွတ်တွေရှိနေခဲ့မယ်ဆိုရင် fingerprint ကို recognize လုပ်ဖို့ခက်နေပါလိမ့်မယ်။ Smart door locks တွေမှာကောင်းမွန်စွာအသုံးပြုနိုင်ဖို့အတွက် အားပြန်သွင်းရတာတွေ batteries တွေ လိုအပ်နေပါသေးတယ်။ Battery အားကုန်ခါနီးတဲ့အခါ အချက်ပြပေးတဲ့ reminder ပါနေပေမယ့်လည်း လျှပ်စစ်မရှိတာကြောင့် သော့ဖွင့်လို့မရတဲ့ပြဿနာဖြစ်တဲ့သူတွေ ရှိနေတုန်းပါပဲ။