09 406 868 689, 09 445 550 606

[email protected]

R(602),Fifth Floor , Building 19

MICT Park, Yangon

9:00 AM - 5:00 PM

Monday to Saturday

Digital Door Lock Battery တွေက ပုံမှန်အားဖြင့် သက်တမ်းဘယ်လောက်ကြာလဲ။
June 23, 2020

Digital Door Lock Battery တွေက ပုံမှန်အားဖြင့် သက်တမ်းဘယ်လောက်ကြာလဲ။

Smart Door Lock Smart Doorlock တပ်ဆင်မည့်သူများအနေဖြင့် အဓိက ထည့်သွင်း စဥ်းစားရမည့်အချက်တစ်ခုကတော့ Backup Battery တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Smart Door Lock များမှာ FingerPrint/ RF IDCard / Mifare Card / Password / FaceLock များပါရှိပါတယ်။ Password / RF ID Card များသာပါရှိသည့် စျေးသက်သာသည့် Smart Door Lock များလည်းရှိပါတယ်။

မိမိ ကြိုက်နှစ်သက်တဲ့ Functions များကို ရွေးချယ်တပ်ဆင်အသုံးပြုနိုင်ပါသည်။ Smart Door Lock များသည် Finger Print Capacity များ Card Capacity များအစရှိတဲ့ ထည့်သွင်းအသုံးပြုလိုရသည့် Record များအပေါ် မူတည်၍ စျေးကွာခြားချက်များလည်းရှိပါတယ်။

Smart Doorlock များအသုံးပြုခြင်းဖြင့် သော့မေ့ကျန်ခြင်း ၊ သော့ခတ်ရခြင်း ၊ သော့သိမ်းရခြင်း ၊ သော့အပိုများ ပွားရခြင်း ၊သော့ပျောက်၍ စိတ်ညစ်ရခြင်း အစရှိသည့် ထုံးလမ်းအစဥ်အလာကြီးကို ပယ်ဖျက်ကာ Finger /Password/Card/Face ဖြစ် မြန်ဆန် စွာ အဖွင့်အပိတ်ကိုအသုံးပြုလာနိုင်ပါတယ်။

Smart Doork Lock ရဲ့ Battery သည် AA Battery 4 လုံးမှ 6 လုံးအထိ အသုံးပြုထားပါသည်။ မိမိတပ်ဆင်ထားသည့် စက်Functions များ အသုံးပြုသည့် အကြိမ် အရေအတွက်ပေါ် မူတည်၍ ပုံမှန်အားဖြင့် ၃ လမှ ၆ လ အထိ အသုံးပြုနိုင်ပါတယ်။

Battery အားနည်းနေတဲ့အချိန်မှာလည်း တပ်ဆင်ထားသည့် စက်မှ ပုံမှန် အချက်ပြသံ Low Battery ဟု မြည်ကာ အချက်ပြပါသည်။ Battery လဲတဲ့အခါမှာလည်း အခက်အခဲမရှိဘဲအအလွယ်တကူနဲ့ ပုံမှန် လဲလှယ်နိုင်ပါတယ်။

ဒါ့အပြင် Battery အားနည်းနေသော်လည်း Emergency Battery များပါရှိသည့်အတွက် ချက်ချင်း မလဲနိုင်လျှင်လည်း Battery အားနည်းနေသည့်အချိန်မှစ၍ ၁ ရက်မှ ၅ ရက်အထိ ဆက်လက် အသုံးပြုနိုင်ပါသေးတယ်။

တပ်ဆင်အသုံးပြုမည့် Customer များအနေဖြင့် မိမိတပ်ဆင်မည့် တံခါး အထူးအပါး သစ်သား / မှန် စသည်တို့ အပေါ်မူတည်၍ Door Lock အမျိုးအစားကွာနိုင်ပါတယ်။

လိုအပ်တဲ့ Functions များကို သေချာ တိုင်ပင်ပီး ၊ လျင်မြန်လွယ် ကူစွာ အသုံးနိုင်သည့် စက်များကို ကျွမ်းကျင်သည့် ပညာရှင်များဖြင့် တိုင်ပင်ကာ တပ်ဆင်အသုံးပြုသင့်ပါသည်။