09 452 223 332, 09 445 550 606

contact@smartechmm.com

No.A8 -101

Mindama Rd, Yangon

9:00 AM - 5:00 PM

Monday to Saturday

IP CCTV Camera ရဲ့ အားသာချက်များ
August 18, 2020

IP CCTV Camera ရဲ့ အားသာချက်များ

လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာ၊ အဆောက်အဦး လုံခြုံမှုရှိစေဖို့အတွက် တပ်ဆင်အသုံးပြုကြတဲ့ CCTV အမျိုးအစားတွေထဲကမှ စွမ်းဆောင်ရည် အမြင့်မားဆုံး Performance အကောင်းဆုံး အမျိုးအစားဖြစ်တဲ့ Digital IP Camera ရဲ့ အားသာချက်တွေကို ပြောပြပေးချင်ပါတယ်။

Analog CCTV နဲ့ Digital IP CCTV ကင်မရာတို့က ဗီဒီယိုကို မှတ်တမ်းတင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့မှာ အဓိက ကွာခြားပါတယ်။

Analog Camera တွေက ရုပ်သံတွေကို မှတ်တမ်းတင်ပြီးရင် Coaxial Cable ကနေ DVR (Digital Video Recorder) ကို ပို့ပါတယ်။ DVR ကမှတစ်ဆင့် ဗီဒီယိုမှတ်တမ်းကို Analog Signal ကနေ Digital Signal ပြောင်းလဲပြီး ဗီဒီယိုမှတ်တမ်းကို လိုအပ်တဲ့ File Size အထိ Compress လုပ်ကာ Computer Hard Drive မှာ သိမ်းဆည်းပါတယ်။

Digital (IP) Security Camera တွေကတော့ ပုံတွေကို NVR (Network Video Recorder) နဲ့ မှတ်တမ်းတင်ပြီး Network ကနေတစ်ဆင့် Hard Drive မှာ ချက်ချင်းသိမ်းဆည်းပေးပါတယ်။ Analog လိုမျိုး ကြားမှာ DVR မလိုပါဘူး၊ NVR ကတော့ CCTV ကရရှိတဲ့ ရုပ်သံတွေကို Digital Format နဲ့ မှတ်တမ်းတင်ပေးနိုင်တဲ့ Software ပါရှိတဲ့ System တစ်ခုဖြစ်ပါတယ်။

Analog System နဲ့ IP System မှာ ကွာခြားချက် အများအပြားရှိပါတယ်။

• အများအားဖြင့် IP Camera တွေက ဈေးနှုန်းပိုများပေမယ့် အားသာချက် ပိုများပါတယ်။

• Camera အရေအတွက်များပြီး ဧရိယာကျယ်သည့် လုပ်ငန်းခွင်များမှာ ကြိုးသွယ်တန်းမှု ကုန်ကျစရိတ် များစွာ သက်သာသည့်အပြင် လွယ်ကူမြန်ဆန်ပါတယ်။
• Network System ကို အသုံးပြုထားတဲ့အတွက် ဆင့်ပွားသွယ်တန်းမှုတွေ ပြုလုပ်နိုင်ပါတယ်။
• Power Over Ethernet ဆိုတဲ့ POE System ကို အသုံးပြုနိုင်တဲ့လို့ Camera အတွက် Power ကြိုး သီးသန့်အသုံးပြုစရာ မလိုအပ်ပဲ Network Cable တစ်ကြိုးတည်းကနေ Power ရော Data ပါ အသုံးပြုနိုင်ပါတယ်။

• ကြိုးသွယ်တန်းဖို့ အခက်အခဲ ရှိတဲ့နေရာတွေ၊ အကွာအဝေး အရမ်းများတဲ့ နေရာတွေမှာ Wireless System တွေ အသုံးပြုနိုင်ပါတယ်။

• City Project လိုမျိုးတွေမှာ Fiber Cable တွေနဲ့ ချိတ်ဆက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။
• ရုပ်ထွက်ပိုင်းမှာဆိုရင်လည်း 4K Resolution အထက် သာလွန်တဲ့ ရုပ်ထွက်ကို IP Camera များမှာသာ ရရှိနိုင်ပါတယ်။
• Analog Camera တွေမှာ အဖြစ်များတဲ့ အစင်းထင်ခြင်း၊ တုန်ခါခြင်း၊ connector ကြောင့် ရုပ်‌ပေါ်လိုက် ပျောက်လိုက်ဖြစ်ခြင်း စတာတွေက IP Camera တွေမှာ ဖြစ်လေ့ မရှိပါဘူး။

အခုဆိုရင် Digital (IP) Camera တွေရဲ့ အားသားချက်တွေကို သိရှိပြီးလောက်ပြီဖြစ်လို့ လူကြီးမင်းတို့ အိမ်ရာ၊ အဆောက်အဦး လုံခြုံစိတ်ချရမှုအတွက် ရွေးချယ်ရာမှာ အဆင်ပြေလွယ်ကူပြီး အကူအညီဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

Share: