09 406 868 689, 09 445 550 606

[email protected]

R(602),Fifth Floor , Building 19

MICT Park, Yangon

9:00 AM - 5:00 PM

Monday to Saturday

CCTV Record ‌တွေကို Live, Playback ကြည့်ဖို့အတွက် ဖုန်းနဲ့ကြည့်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
May 14, 2020

CCTV Record ‌တွေကို Live, Playback ကြည့်ဖို့အတွက် ဖုန်းနဲ့ကြည့်ချင်ရင် ဘယ်လိုလုပ်ရမလဲ။

အများစု CCTV တပ်ဆင်ကြတဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ့် ပတ်ဝန်းကျင်မှာ လုယက်ခိုးယူမှုတွေရှိလာခဲ့ရင်၊ အမှုအခင်း ကိစ္စတစ်စုံတစ်ရာ ရှိခဲ့ရင် ပြန်လည်စစ်ဆေးဖို့ ကြည့်ရှူဖို့အတွက် တပ်ဆင်ကြတာများပါတယ်။

CCTV ဗီဒီယိုမှတ်တမ်းတွေကို Monitor ကနေ Live ကြည့်ရုံတင်မတင်မဟုတ်ပဲ ဖုန်းနဲ့ပါ အလွယ်တကူ ကြည့်လို့ရပါတယ်။ လူကြီးမင်းတို့ အသုံးပြုထားတဲ့ DVR (Digital Video Recoder) ဒါမှမဟုတ် NVR(Network Video Recoder)ကို Internet ချိတ်ဆက်ထားပေးပါတယ်။

ဖုန်းနဲ့ကြည့်ရင်တော့ လူကြီးမင်းတို့ တပ်ဆင်ထားတဲ့ CCTV Camera အမျိုးအစားနဲ့ သက်ဆိုင်တဲ့ Mobile App ကို ထည့်သွင်းပြီးတာနဲ့ တပ်ဆင်ထားတဲ့ CCTV Device ကို လည်း ထပ်မံထည့်သွင်းချိတ်ဆက်ပေးပြီးတာနဲ့ ဖုန်းကနေ အလွယ်တကူ Live ကြည့်ရှူနိုင်ပါတယ်။

CCTV Record မှတ်တမ်းတွေကို ပြန်လည် ကြည့်မယ်ဆိုရင် App ကနေ Playback Button ကို နှိပ်ပြီး ကြည့်ရှူလိုတဲ့ ကင်မရာနံပါတ်၊ ရက်စွဲ၊ အချိန်ကို ရွေးချယ်ပြီး Record တွေကို အလွယ်တကူ ကြည့်နိုင်ပါတယ်။

ကျွန်တော်တို့ Smartech Team အနေနဲ့လည်း Site Survey ကနေ Installation အပိုင်း ၊ Maintenance အပိုင်းတွေအထိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Share: